ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် ပြောကြားသော မိန့်ခွန်း

၂၀၁၄ ခုနှစ် ၊ ဧပြီလ (၁၀) ရက် ၊ (၅) နှစ်မြောက်ရက္ခိုင့်တပ်မတော်နေ့တွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် ပြောကြားသော မိန့်ခွန်း။

ရက္ခိုင့်တပ်မတော် (၅) နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကိုကြွရောက် ချီးမြှင်လာကြတဲ့ မဟာမိတ်တပ်ဖွဲ့ အသီးသီးကထိပ်ပိုင်းခေါင်းဆောင် များ၊ ပြည်တွင်းပြည်ပ အသီးသီးကဖိတ်ကြားထားတဲ့ အထူးဧည့် သည်တော် များ၊ ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ်နှင့်တကွ စစ်သည်စစ်မယ်များ၊ ရဟန်းရှင်မိဘပြည်သူများ၊ အင်တာနက် အွန်လိုင်းပေါ်ကတစ်ဆင့် ကြည့်ရှုနေကြတဲ့ ကျနော်တို့ရဲ့ရဲဘော်ရဲဖက်များ အားလုံးကို လေးစား ပါကြောင်း ဦးစွာ ပထမပြောကြားလိုပါတယ်။

ကျနော်ကတော့ ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက္ခိုင့်တပ်မတော်ရဲ့ တပ်မတော်နေ့ဖြစ်တယ်။ ဒီဧပြီလ (၁၀) ရက်နေ့ဟာ ရက္ခိုင့်တပ်မတော်ကို ဖွဲ့စည်းတည်ထောင်လိုက် တဲ့နေ့ဖြစ်တဲ့အပြင် ရက္ခိုင့်တပ်မတော်၊ ရက္ခိုင်လူမျိုးတွေအတွက် ထူးခြားလေးနက်ပြီး သမိုင်းဝင်တဲ့နေ့တစ်နေ့ဖြစ်တယ်ဆိုတာလည်း မမှားပါဘူး။ ကျနော်ပြောရဲပါတယ်။ ရက္ခိုင်လူမျိုးတွေ အတွက် ဒီနေ့လိုမျိုးအခမ်းအနားဆိုတာ တော်လှန်ရေးသက်တမ်း လေးငါးဆယ် အတွင်းမှဘယ်တုန်း ကမှမရှိခဲ့ပါဘူး။ ဒါကြောင့် ရက္ခိုင်လူမျိုး တစ်ယောက်အနေနဲ့ရော၊ ရက္ခိုင့်တပ်မတော်အနေနဲ့ ရော များစွာ ဝမ်းမြောက် ဂုဏ်ယူ ကြောင်း ကိုလည်း ထပ်လောင်းပြောကြားလိုပါတယ်။ Continue Reading →

ကျေးဇူးတင်ရှိခြင်း မှတ်တမ်းတင်ဂုဏ်ပြုလွှာ

ရက္ခိုင့်တပ်မတော်
စစ်ရုံးချုပ်
သတင်းနှင့်ပြန်ကြားရေးဌာန
၁၃၇၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၁) ရက်
၂၀၁၄ ခုနှစ်၊ မေလ (၂၄) ရက်

ကျေးဇူးတင်ရှိခြင်း မှတ်တမ်းတင်ဂုဏ်ပြုလွှာ
——————————————-

ရက္ခိုင့်တပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရားဝင်ဖိတ်ကြားချက်အရ ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)သို့ တက်ရောက်ရန် ၂၁-၄-၂၀၁၄ နေ့မှ ၂၁-၅-၂၀၁၄ နေ့အထိ ပြည်တွင်းခရီးစဉ်သွားရောက်ခဲ့ကြရာတွင် အခက်အခဲ တစ်စုံတစ်ရာမရှိဘဲ အောင်မြင်ပြီးဆုံးခဲ့ပါသည်။

ဤခရီးစဉ်ကို ကူညီဆောင်ရွက်ပေးခဲ့ကြပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့မှ အစိုးရအဖွဲ့များ၊ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)နှင့် ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ) ကျင်းပရေးကော်မတီတို့အား လည်းကောင်း၊ Continue Reading →